ကူညီရန်
၁။ "Guess It" ဆိုတာဘာလဲ ?
ဘောလုံးအကျော်အမော်တို့၏ ဂိုးသွင်းချက်များကို ဂိုးဝင်/မဝင် စိတ်လှုပ်ရှားစွာ ခန့်မှန်းရသည့် ဘောလုံးဉာဏ်စမ်းဂိမ်းတစ်မျိုးဖြစ်ပါသည်
၂။ MPT အသုံးပြုသူများအနေဖြင့် "Guess It" ကိုဘယ်လိုအသုံးပြုနိုင်သလဲ ?
MPT အသုံးပြုသူများအနေဖြင့် Guess It ဝက်ဘ်ဆိုဒ် https://guessitmm.com သို့ဝင်ရောက်၍ အသုံးပြုနိုင်ပါသည်
၃။ "Guess It" ဝန်ဆောင်မှုကို ဘယ်လိုရယူနိုင်သလဲ။ ဝန်ဆောင်ခ ဘယ်လောက်ကျသင့်သလဲ ?
MPT အသုံးပြုသူများအနေဖြင့် "Guess It" ဝန်ဆောင်မှုကို ရယူလိုပါက
(၁) ပထမဉီးစွာ စာရင်းပေးသွင်းရန် လိုအပ်ပါသည်။ ‘8533’ သို့ ‘ON’ ဟုပေးပို့၍လည်းကောင်း (သို့မဟုတ်) https://guessitmm.com သို့ ဝင်ရောက်ပြီး ‘စာရင်းသွင်းမည်’ ကိုနှိပ်၍သော်လည်းကောင်း စာရင်းပေးသွင်းနိုင်ပါသည်။
(၂) နေ့စဉ်ဝန်ဆောင်ခ ၁၅၀ကျပ် ကျသင့်ပါမည်။(ကုန်သွယ်ခွန်ပါပြီး)
၄။ “မည့်သည့် ဖုန်းအမျိုးအစားများတွင် "Guess It" ဝန်ဆောင်မှုကို အသုံးပြုနိုင်ပါသလဲ?
"Guess It" ဝန်ဆောင်မှုအား iOS နှင့် Android ဖုန်းအမျိုးအစားအားလုံးတွင် အသုံးပြုနိုင်ပါသည်။
၅။ "Guess It" ဝန်ဆောင်မှုအား မိုဘိုင်းဖုန်းအပြင် Laptop၊ Desktop၊ Tablet များဖြင့်လည်း အသုံးပြုနိုင်ပါသလား ?
"Guess It" ဝန်ဆောင်မှုအား မိုဘိုင်းဖုန်းအပြင် Browser ပါရှိသော Laptop၊ Desktop၊ Tablet များအားလုံးတွင် အသုံးပြုနိုင်ပါသည်။
၆။ "Guess It" ဝန်ဆောင်မှုအား မည်သို့စာရင်းပယ်ဖျက်နိုင်သလဲ ?
https://guessitmm.com သို့ဝင်ရောက်၍ ‘မေးခွန်းနှင့်အဖြေများ’ ကိုနှိပ်ကာ ‘စာရင်းမှပယ်ဖျက်ရန်’ ကိုနှိပ်ပြီး ပယ်ဖျက်နိုင်ပါသည် (သို့မဟုတ်) ‘8533’ သို့ ‘OFF’ ဟုပေးပို့၍လည်း စာရင်းပယ်ဖျက်ခြင်း ပြုလုပ်နိုင်ပါသည်။
၇။ "Guess It" ဝန်ဆောင်မှု အသုံးပြုရန် အင်တာနက် လိုအပ်ပါသလား ?
"Guess It"ဝန်ဆောင်မှု အသုံးပြုရန် အင်တာနက် လိုအပ်ပါသည်